ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သပိတ်ကျင်းမြို့နယ်တွင် VDP စီမံကိန်း ကျေးရွာရွေးချယ်ပွဲ ပြုလုပ်

Date : 14 October 2021

သပိတ်ကျင်း၊ အောက်တိုဘာ ၁၃ (ရတနာပုံ)

       မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးရွာရွေးချယ်ပွဲကို အောက်တိုဘာ (၁၂) ရက်၊ နံနက် (၁၀) နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

                       ရှေးဦးစွာ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းက ကျေးရွာများ ရွေးချယ်ပေးသည့်အခါ အမှန်တကယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ကျေးရွာများနှင့် အကျိုးပြုအိမ်ထောင်စုများသော ကျေးရွာများကို ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

                     ထို့နောက် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကျေးရွာခြောက်ရွာကို အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)

အခြားသတင်းများ