ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပန်းတောင်းမြို့နယ်တွင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းရန်ပုံငွေနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

Date : 24 January 2022

ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ပထမ (၆) လ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမျာအား စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲကို (၇.၁၂.၂၀၂၁) ရက်နေ့က ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံကိန်းကျေးရွာများဖြစ်သည့် အောက်တောမကျေးရွာ၊ ဒန့်ဒလွန်ကျေးရွာ၊ ပုတီးတောကျေးရွာ၊ ကန့်ကူကျေးရွာမှ စီမံကိန်းကော်မတီဝင်များမှ တက်ရောက်ခဲ့ပါသည်။

အခြားသတင်းများ