ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဘားအံမြို့နယ်၊ကော့မတလိန်ကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း

Date : 02 May 2026

၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်၊ ရက်(၁၀၀)စီမံချက်တွင် ဆောင်ရွက်မည့် ဘားအံမြို့နယ်၊ ကော့မတလိန်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ကော့မတလိန်ကျေးရွာ ဓမ္မာရုံတွင် မေ လ(၂)ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊စီမံကိန်းလုပ်ငန်းစဉ် အကြောင်းအရာများနှင့် ကျေးရွာသူကျေးရွာသားများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ဆက်လက်၍ ဘားအံမြို့နယ် စီမံကိန်းတာဝန်ခံက စီမံကိန်းစာစောင်ပါ အကြောင်း အရာများ၊ကော်မတီများရွေးချယ်ရာတွင် လိုက်နာရမည့်စည်းကမ်းများ၊တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် မြို့နယ်ဦးစီးဌာနဝန်ထမ်းများက တက်ရောက်လာသောကျေးရွာသူ/သားများ၊ရပ်မိရပ်ဖ များ၏သဘောဆန္ဒနှင့်အညီ ကော်မတီ(၇)ဦးရွေးချယ်ခဲ့ကြောင်းသတင်းရရှိပါသည်။

အခြားသတင်းများ