၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက်(၁၀၀) စီမံချက်တွင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ VDP စီမံကိန်းဖြင့်ကွန်ကရစ်လမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းသတင်း
Date : 26 May 2026
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက်(၁၀၀) စီမံချက်တွင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ VDP စီမံကိန်းဖြင့်ကွန်ကရစ်လမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းသတင်း
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ပေါက်သစ်ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို မေလ ၂၃ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဒေါ်အေးအေးသက်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး ဒေသထွက်ကုန်များအား ရာသီမရွေးသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။